ရုရှားသည် အရှေ့ Anatolia တွင် မကြာသေးမီက တည်ဆောက်ခဲ့သော နေတိုးဒုံးကျည်ကာကွယ်ရေးဒိုင်းကင်းစခန်းအား တုံ့ပြန်သည့်အနေဖြင့် ၎င်း၏တောင်ပိုင်းစစ်ဒေသတွင် ခေတ်မီဆန်းသစ်သော လေယာဉ်ပစ်လက်နက်စနစ်သစ်ကို စတင်တပ်ဆင်နေပြီဖြစ်သည်။
တပ်ဆင်မှုအား ယခုနှစ်ကုန်တွင် အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ရုရှားကော်ပိုရေးရှင်းမှ သိရသည်။ Igor Gorbul က S-400 လေယာဉ်ပစ်ဒုံးကျည်များသည် လေယာဉ်အမျိုးအစားအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည့်အပြင် အလွန်စထရာတိုစဖရီနှင့် ပဲ့ထိန်းဒုံးကျည်များကိုပါ ဖျက်ဆီးနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။
မော်စကိုမှ ဒမတ်စကတ်သို့ ပျံသန်းနေသော ဆီးရီးယားခရီးသည်တင်လေယာဉ်တစ်စီးအား အန်ကာရာမှ ပစ်ချပြီးနောက် တူရကီ-ရုရှား တင်းမာမှုများ မြင့်တက်လာသော်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ယင်းဖြစ်ရပ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်စီးမည်မဟုတ်ကြောင်း ပြောကြားကာ တင်းမာမှုများ ပြေလျော့သွားခဲ့သည်။
(Hürriyet နေ့စဉ်သတင်း)



